အင်္ဂလိပ်စာဘာသာစကားအရည်အချင်းစစ်စာမေးပွဲ

အင်္ဂလိပ်ဘာသာစကားသင်တန်းတက်ရောက်သောအခါသင့်အင်္ဂလိပ်စာ Levelနှင့်ကိုက်ညီရန်အရေးကြီးပါသည်။သင့်အင်္ဂလိပ်စာဘာသာစကားအရည်အချင်းကိုအဆုံးအဖြတ်ပေးရန် Level Placement Test (LPT) ကိုအသုံးပြုပါသည်။ LPT တွင် Reading, Writing, Speaking, Listening, Grammarနှင့် Vocabulary များပါဝင်ပါသည်။ အောင်မြင်သည်၊ ကျရှုံးသည်မရှိပါ။ သင်၏အဖြေများက သင်အင်္ဂလိပ်ဘာသာ စကားအရည်အချင်း မည်မျှရှိသည်ကို ဖော်ပြ၍ ကျွန်ုပ်တို့အားသင့်ကို မည်သည့်အတန်းတွင်တက်ရောက်ခွင့်ပေးမည်ကို အဆုံးအဖြတ်ပေးမည်ဖြစ်ပါသည်။

LPT တွင်ရေးဖြေ ၉၀ မိနစ်နှင့်နှုတ်ဖြေ၅ ~ ၈မိနစ်ခန့်ကြာမြင့်မှာဖြစ်ပါသည်။ သင်ကြားပေးမည့် ဆရာ၊ ဆရာမများကိုယ်တိုင်စစ်ဆေးမည်ဖြစ်ပါသည်။

LPT အတွက်စာရင်းပေးသွင်းရန်အောက်ဖော်ပြပါ အပတ်စဉ်နှုတ်ဖြေအချိန်စာရင်းအားလေ့လာ၍ Centreသို့လာရောက်ဖြေဆိုနိုင်ပါသည်။ (သို့မဟုတ်) ၀၁-၅၀၄ ၆၄၇၊ ၅၀၄ ၇၅၇ သို့ဆက်သွယ်၍မေးမြန်းနိုင်ပါသည်။
မမျှော်လင့်ထားသောအကြောင်းအမျိုးမျိုးကြောင့် ဆရာ၊ ဆရာမများသည်ပျက်ကွက်နိုင်ပါသဖြင့် သင်လာရောက်မဖြေဆိုခင်ဖုန်းကြိုတင်ဆက်သွယ်၍စစ်ဆေးပေးမည့် ဆရာရှိမရှိကိုမေးမြန်းပေးပါ။

Developed by Information Matrix.